ဖိလစ်ပိုင်နိုင်ငံ မြို့တော်မနီလာရှိ နီနွိုင်အကွီနို နိုင်ငံတကာလေဆိပ်(အင်န်အေအိုင်အေ) ဝင်ပေါက်အတွင်း ယနေ့ မေလ ၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ခဲ့သောကြောင့် လေးနှစ်အရွယ် မိန်းကလေးအပါအဝင် လူနှစ်ဦး သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သည်ဟု ကြက်ခြေနီအဖွဲ့က ပြောကြားခဲ့သည်။ယာဉ်သည် အင်န်အေအိုင်အေ တာမင်နယ်ဝမ်း ဝင်ပေါက်အနီးရှိ အပြင်လက်ရန်းကို ဝင်တိုက်ကာ လျှောက်လမ်းအတွင်း ဝင်ရောက်ခဲ့သည်ဟု ယာဉ်တိုက်မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် လေဆိပ်က ပြောကြားခဲ့သည်။



