ဈေးကွက်အတွင်း၌ ကြက်ဆင်ဥများကို ကျန်းမာရေးအတွက် အဓိကဓာတ်စာအဖြစ် ရောင်းချမှုများရှိ နေ ပြီး တစ်လုံးကို ကျပ် ၃,၀၀၀ နီးပါးဈေးပေါက်လျက်ရှိကြောင်း ရောင်းချသူများနှင့်ဝယ်ယူစားသုံးသူများထံမှ သိရသည်။လက်ရှိတွင် ဈေးကွက်အတွင်း၌ ကြက်ဆင်ဥတစ်လုံးကို ကျပ် ၂,၇၀၀ မှ ၃,၀၀၀ ကြား ဈေးပေါက်လျက် ရှိပြီး ကြက်ဆင်ဥများအပြင် ကျန်းမာရေးအတွက်အလွန်ကောင်းသည်ဟုဆိုကာ ကြက်မဲဥများကိုလည်းတစ်လုံးကို (၂,၀၀၀) ကျပ်နှုန်းဖြင့် ဈေးကွက်အတွင်း ရောင်းချလာသလို ရစ်မဲဥ ၊ ရစ်ပြာ/ရစ်လုံးဥ များလည်း တွဲစပ်ပြီး ရောင်း ချလာကြောင်း သိရသည်။



