လုံခြုံရေးနှင့် ဒေသမတည်ငြိမ်မှုများရှိနေချိန် ပညာပေးမလုပ်နိုင်သဖြင့် ပြီးခဲ့သည့် ရာသီက အထူးသတိ ပေးခဲ့ရသည့် ထနောင်းခေါက်ခွာရောင်းချခြင်းမှာ ယခုနွေရာသီတွင် ကြိုကြားကြိုကြား ခွာသူများရှိနေပြီး ဝယ်သူ များက စျေးမဖွင့်ဘဲ ညှိနိုင်းကာ လက်သိပ်ထိုးဝယ်သူများရှိကြောင်း သိရသည်။လွန်ခဲ့သောနှစ်က တစ်ပိဿာလျှင် ၃၀၀ ကျပ်နှုန်းဖြင့်သာ ဒေသအခြေစိုက်ဝယ်လက်များမှ ဝယ်ယူမှုရှိ သော်လည်း ယခုနှစ်တွင် အစစအရာစျေးတက်ခြင်းနှင့် ဝေဖန်မှုများကြောင့် ဒိုင်မဖွင့်ဘဲ ဝယ်နေရောင်း နေကြ ပုံစံဖြင့် ယခင်ထက်စျေးပိုပေးကာ ဝယ်လာကြကြောင်း သိရသည်။ထနောင်းခေါက်များကို ပြန်လည်ဝယ်ယူကြသူများမှာ မကွေးမြို့သာမက မန္တလေး၊ ရန်ကုန်သို့ ပို့ဆောင်ကြခြင်းများလည်းရှိကြောင်း သိရသည်။



