မေလ ၇ ရက်နေ့ ဗာတီကန်မှာ ပုပ်ရဟန်းမင်းကြီးသစ် ရွေးချယ်ပွဲအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး မီးခိုးခေါင်းတိုင်နဲ့ ဆစ်စတိန်းကျောင်းအမိုး တပ်ဆင်နေပါတယ်။ပုပ်ရဟန်းမင်းကြီး ရွေးချယ်ရမှာ အသုံးပြုမယ့် မီးခိုးခေါင်းတိုင် ပိုက်လုံးတွေနဲ့ အစိတ်အပိုင်း တပ်ဆင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ပုပ်ရဟန်းမင်းကြီး ရွေးချယ်ဖို့ ကာဒီနယ် ၁၃၃ ဦး ရှိပြီး အဲ့ဒီအထဲက ၈၀ ရာခိုင်နှုန်းကို ပုပ်ဖရန်စစ်က ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ ကက်သလစ် ဘာသာဝင် ၁ ဒသမ ၄ ဘီလီယံရှိပြီး ပုပ်ရဟန်းမင်းကြီးအသစ် ရွေးချယ်ပွဲကို ဆစ်စတိန်းကျောင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
May 04 • 5:52 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 44 | 0 | 0 | 0 |


