back

ဘေးမဲ့တော၌ ဂေါက်ကွင်းကျူးကျော်ထား၍ ထိုင်း၏ ၁၀ ဦးမြောက် အချမ်းသာဆုံးသူဌေးအား ထောင်ချ

May 04 • 5:51 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဘေးမဲ့တော၌ ဂေါက်ကွင်းကျူးကျော်ထား၍ ထိုင်း၏ ၁၀ ဦးမြောက် အချမ်းသာဆုံးသူဌေးအား ထောင်ချ

ထိုင်းနိုင်ငံ၏ ၁၀ ဦးမြောက် အချမ်းသာဆုံးဘီလျံနာသူဌေးသည် ၎င်း၏ ဇိမ်ခံဂေါက်ကွင်း အပန်းဖြေစခန်း ကို ဘေးမဲ့သဘာဝတောဧရိယာထဲ ခိုး၍တိုးချဲ့ထားသဖြင့် ထောင်ဒဏ် ၂၄ နှစ် ချမ...

ထိုင်းနိုင်ငံ၏ ၁၀ ဦးမြောက် အချမ်းသာဆုံးဘီလျံနာသူဌေးသည် ၎င်း၏ ဇိမ်ခံဂေါက်ကွင်း အပန်းဖြေစခန်း ကို ဘေးမဲ့သဘာဝတောဧရိယာထဲ ခိုး၍တိုးချဲ့ထားသဖြင့် ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခံရကြောင်း ဌာနေ သတင်းများအရ သိရသည်။သတ္တုလုပ်ငန်းရှင်ကြီး ပရာယုဒ် မဟာဂီသီရိသည် Mountain Creek ဂေါက်ကွင်း အပန်းဖြေစခန်းနှင့် အိမ်ရာများတိုးချဲ့ရေးအတွက် မြေပိုင်ဆိုင်မှုရရှိရန် တာဝန်ရှိသူများနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟု အကျင့် ပျက်ခြစားမှုတိုက်ဖျက်ရေး အစိုးရရှေ့နေများက ၂၀၂၁ ခုနှစ်တွင် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ဘန်ကောက်အရှေ့မြောက်ဘက် နခွန်ရတ်ချစီမာပြည်နယ်တွင် ဧက ၉၀၀ (ဟက်တာ ၃၆၀)ကျယ်ပြီး ကျင်း ၂၇ ကျင်းပါ အပန်းဖြေဂေါက်ကွင်းသည် “ကိန်းကြီးခန်းကြီးနိုင်သူများအတွက် အာရုံမျိုးစုံ ဖျော်ဖြေ ရေးနေရာ” ဖြစ်သည်ဟု ကြော်ငြာထားသည်။


news-view-count-icon

35