back

တရုတ်နှင့် ဆက်ဆံရေးတင်းမာနေချိန် တိဘက်ကိုထောက်ခံကြောင်း ချက်သမ္မတနိုင်ငံက ထပ်မံအတည်ပြု

May 04 • 3:55 AM

breaking-news

မြန်မာ

ပြည်ပ

cover

တရုတ်နှင့် ဆက်ဆံရေးတင်းမာနေချိန် တိဘက်ကိုထောက်ခံကြောင်း ချက်သမ္မတနိုင်ငံက ထပ်မံအတည်ပြု

ဂျီနီဗာတွင် တိဘက်ဗျူရိုမှ ကိုယ်စားလှယ် တင်လေးချက်ကီသည် ချက်သမ္မတနိုင်ငံမှ လွှတ်တော်အမတ်များ၊ အရာရှိများနှင့် ဧပြီလ ၂၉ ရက်တွင် တွေ့ဆုံခဲ့ပြီး၊ တိဘက်နှင့် တိဘက်ပြ...

ဂျီနီဗာတွင် တိဘက်ဗျူရိုမှ ကိုယ်စားလှယ် တင်လေးချက်ကီသည် ချက်သမ္မတနိုင်ငံမှ လွှတ်တော်အမတ်များ၊ အရာရှိများနှင့် ဧပြီလ ၂၉ ရက်တွင် တွေ့ဆုံခဲ့ပြီး၊ တိဘက်နှင့် တိဘက်ပြည်သူများအား ၎င်းတို့၏ ပံ့ပိုးကူညီမှုများ ဆက်လက်ပေးရန် ထပ်မံတောင်းဆိုခဲ့ကြောင်း တိဘက်ဗဟိုအုပ်ချုပ်ရေးအဖွဲ့(CTA)က သတင်း ထုတ်ပြန်လိုက် သည်။ပရာ့ဂ်မြို့၌ ဆီးနိတ်၏ ခေတ္တဥက္ကဋ္ဌ ဂျီရီ ရူဇစ်ကာ၊ တိဘက်ဆိုင်ရာ ချက်ပါလီမန်အဖွဲ့၏ တွဲဖက်ဥက္ကဋ္ဌနှင့် အောက်လွှတ်တော်အဖွဲ့ဝင် ဟာရာတို အိုကူမာရာ၊ အကြံပေးအရာရှိ မတ်ယာစ် ဘာရိုတက်ခ်၊ တိဘက် ဆိုင်ရာချက်ပါလီမန်အဖွဲ့အတွင်းရေးမှူး ကက်တီရီနာ ဂျက်ကော့တို့နှင့်တွေ့ဆုံခဲ့သည်။ချက်ကိုယ်စားလှယ်များက တိဘက်အရေးအတွက် ၎င်းတို့၏ ခိုင်မာသော ကတိကဝတ်များကို ထပ်မံအတည်ပြုခဲ့ကြောင်း တိဘက်ဗဟိုအုပ်ချုပ်ရေးအဖွဲ့ (CTA)က သတင်းထုတ်ပြန်သည်။


news-view-count-icon

13