ပီအက်စ်ဂျီအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ချန်ပီယံလိဂ်ဒုတိယအကျော့ကို အာဆင်နယ်ဘက်က တင်းဘားနဲ့အော်ဒီဂတ် လွဲချော်ဖွယ်ရှိနေတယ်လို့ နည်းပြအာတီတာက ဘုန်းမောက်ကိုရှုံးခဲ့တဲ့ ပွဲပြီး အင်တာဗျူးမှာပြောပါတယ်။နည်းပြအာတီတာက "တင်းဘားက ဆက်ပြီး မပါဝင်နိုင်ဖို့ များနေပါတယ်။အော်ဒီ့ ကိုတော့ စစ်ဆေးမှုတစ်ချို့လုပ်ပြီးမှသာ အတည်ပြုနိုင်မှာဖြစ်ပါတယ်။"လို့ အသင်းရဲ့ ဒဏ်ရာရ အခြေအနေကိုပြောခဲ့တာပါ။အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားခဲ့ပေမယ့် ပီအက်စ်ဂျီကို ပထမအကျော့ အိမ်ကွင်းမှာတင် ရှုံးခဲ့ပြီး ပရီးမီးယားလိဂ်မှာလည်း ဘုန်းမောက်ကိုထပ်ရှုံးကာ မေးခွန်းထုတ်စရာအခြေအနေကို ရောက်လာပါတယ်။
May 04 • 3:54 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 12 | 0 | 0 | 0 |


