back

မိကျောင်းအိုင်ထဲကျခဲ့တဲ့ လေယာဉ်ပျက်ပေါ် ၃၆ နာရီ နေခဲ့ကြရတဲ့ လူ ၅ ယောက်ကို ကယ်ဆယ်နိုင်

May 04 • 3:21 AM

breaking-news

မြန်မာ

ပြည်ပ

cover

မိကျောင်းအိုင်ထဲကျခဲ့တဲ့ လေယာဉ်ပျက်ပေါ် ၃၆ နာရီ နေခဲ့ကြရတဲ့ လူ ၅ ယောက်ကို ကယ်ဆယ်နိုင်

အမေဇုံ တောကြီးထဲ မိကျောင်းတွေ ကျက်စားနေတဲ့ ရေအိုင်ထဲ လေယာဉ် တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရပြီးတဲ့နောက်၊ အိုင်ထဲ ရေမျက်နှာပြင်အထက် ပေါ်နေတဲ့ လေယာဉ်ငယ်ပေါ် ၃၆ နာရီ ...

အမေဇုံ တောကြီးထဲ မိကျောင်းတွေ ကျက်စားနေတဲ့ ရေအိုင်ထဲ လေယာဉ် တစ်စင်း အရေးပေါ် ဆင်းသက်ခဲ့ရပြီးတဲ့နောက်၊ အိုင်ထဲ ရေမျက်နှာပြင်အထက် ပေါ်နေတဲ့ လေယာဉ်ငယ်ပေါ် ၃၆ နာရီ ထက်မနည်း နေခဲ့ရသူ ၅ ယောက်ကို တွေ့ရှိ ကယ်ဆယ် နိုင်ခဲ့ပါတယ်။ဘိုလီဗီးယား နိုင်ငံထဲက အမေဇုံတောကြီး ရဲ့ အစိတ်အပိုင်းမှာ အဲဒီလို ဖြစ်ပျက် ခဲ့တာပါ။ အိုင်ထဲကျနေတဲ့ လေယာဉ်ငယ်နဲ့ အဲဒီပေါ်က သူတွေကို ဒေသခံ ငါးဖမ်းသမားတွေ တွေ့ရှိခဲ့ကြပါတယ်။လေယာဉ်ပေါ်က လူ ၅ ယောက်ဟာ အမျိုးသမီး ၃ ယောက်၊ ကလေး ၁ ယောက်နဲ့ အသက် ၂၉ နှစ် အရွယ် အဲန်ဒရက်စ် ဗီလာဒီ ဆိုတဲ့ လေယာဉ်မှူး ဖြစ်ပါတယ်။ သူတို့အားလုံး ကျန်းမာရေး အခြေအနေ ကောင်းတယ်လို့ ဘဲန်နီ အရေးပေါ် ကယ်ဆယ်ရေး ဌာန တာဝန်ခံ ဝီလ်ဆင် အဗီလာက ဆိုပါတယ်။


news-view-count-icon

18