back

ဟွန်ဒိုင်းသည် အိန္ဒိယတွင် ထိပ်တန်း(၃) ကားအရောင်းစာရင်းမှ ပျောက်ကွယ်သွား

May 04 • 3:20 AM

breaking-news

မြန်မာ

ပြည်ပ

cover

ဟွန်ဒိုင်းသည် အိန္ဒိယတွင် ထိပ်တန်း(၃) ကားအရောင်းစာရင်းမှ ပျောက်ကွယ်သွား

ဟွန်ဒိုင်းသည် အိန္ဒိယကားစျေးကွက်၏ အရောင်းရဆုံးထိပ်တန်း(၃) စာရင်းဝင် ဖြစ်ခဲ့ရာမှ ယခုဘဏ္ဍာနှစ်သစ်၏ ပထမလတွင် ထိပ်တန်း(၃) စာရင်း အပြင်ဘက်သို့ ရောက်သွားသည်။ ထိပ်တန်း...

ဟွန်ဒိုင်းသည် အိန္ဒိယကားစျေးကွက်၏ အရောင်းရဆုံးထိပ်တန်း(၃) စာရင်းဝင် ဖြစ်ခဲ့ရာမှ ယခုဘဏ္ဍာနှစ်သစ်၏ ပထမလတွင် ထိပ်တန်း(၃) စာရင်း အပြင်ဘက်သို့ ရောက်သွားသည်။ ထိပ်တန်း(၃) စာရင်းတွင် Maruti Suzuki သည် အစဉ်အလာမပျက် ပထမနေရာကို ဆက်လက် ရယူထားသည်။ အိန္ဒိယ ကားလုပ်ငန်း Mahindra & Mahindra က ဒုတိယနေရာ ရသည်။ အိန္ဒိယ ကားလုပ်ငန်း Tata Motors က တတိယနေရာရသည်။ ဧပြီလတွင် Mahindra သည် ၅၂,၃၃၀ စီး ရောင်းချခဲ့သည်။ SUV မော်ဒယ်များ ဖြစ်ကြသည့် ScorpioN, Thar, XUV တို့ ရောင်းအား ကောင်းသည်။ အီးဗီမော်ဒယ်များ ဖြစ်ကြသည့် XEV9e နှင့် BE6 တို့ အနည်းအကျဉ်းသာ ရောင်းရသည်။



news-view-count-icon

16