ဘီလျံနာ ရင်းနှီးမြှုပ်နှံသူ၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး Berkshire Hathaway ၏ စီအီးအို ဖြစ်သူ အသက် ၉၄ နှစ်အရွယ်ရှိ ဝါရင် ဘတ်ဖတ်က ယခုနှစ်ကုန်တွင် စီအီးအိုအဖြစ်မှ အနားယူတော့မည် ဖြစ်ကြောင်း စနေနေ့ (မေ ၂)တွင် ကြေညာခဲ့ပါသည်။ ဘတ်ဖတ်သည် ၁၉၆၅ ခုနှစ်တွင် အခြေအနေ မဟန်သဖြင့် ရုန်းကန်နေရသော Berkshire Hathaway အထည်အလိပ်စက်ရုံ တရုံ ဝယ်ယူခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှု စတင်ခဲ့သည်။ နှစ်ပေါင်း ၆၀ အကြာတွင် Berkshire Hathaway သည် ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများထဲတွင် အပါအဝင် ဖြစ်နေပြီ ဖြစ်သည်။ အာမခံနှင့် မီးရထားလမ်းများမှအစ Dairy Queen နှင့် Duracell ဘက်ထရီများအထိ စီးပွားရေးလုပ်ငန်း အမျိုးမျိုးတွင် ရင်းနှီးမြှုပ်နှံထားသည်။ Coca-Cola, Apple, American Express, BYD အပါအဝင် မဟာလုပ်ငန်းကြီးများတွင် အစုရှယ်ယာများ ပိုင်ဆိုင်ထားသည်။ "လောကမှာ ကံအကောင်းဆုံးနေ့က ကျွန်တော် ဖွားမြင်ခဲ့တဲ့နေ့ပဲ။ ကျွန်တော့ကို အမေရိကန်မှာ မွေးဖွားခဲ့လို့ပါ" ဟု ၎င်းက ပြောကြားခဲ့သည်။
May 04 • 3:18 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 21 | 0 | 0 | 0 |


