မကြာမီရက်ပိုင်းက ဖြစ်ပွားသော အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ သေနတ်ပစ်ခတ်မှုအပေါ် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ယုံကြည်စိတ်ချသော၊ ပွင့်လင်းမြင်သာသောနှင့် သမာသမတ်ကျသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ပါကစ္စတန်ဝန်ကြီးချုပ် Shehbaz Sharif က မေ ၂ ရက်တွင် ထပ်မံတိုက်တွန်းပြောကြားခဲ့သည်။ အိန္ဒိယဘက်က မည်သည့်သက်သေအထောက်အထားမျှ မရှိသော အခြေအနေတွင် ပါကစ္စတန်နှင့် ယင်းကိစ္စကို ဆက်စပ်ရန် ကြိုးပမ်းသည်ဟု Shehbaz Sharif က ယင်းနေ့တွင် ပါကစ္စတန်နိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများ ပြည်ထောင်စု သံအမတ်ကြီးနှင့် တွေ့ဆုံစဉ် အိန္ဒိယအစိုးရ၏ “လုံးဝအခြေအမြစ်မရှိသော စွပ်စွဲချက်” ကို ချေပပြောဆိုခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သောကြေညာချက်၌ ဖော်ပြထားသည်။ ပါကစ္စတန်နှင့် ယင်းကိစ္စ သက်ဆိုင်မှုမရှိကြောင်းနှင့် ချစ်ကြည်ရင်းနှီးသောနိုင်ငံများနှင့် ထိတွေ့ဆက်ဆံကာ ပါကစ္စတန်၏ ရပ်တည်ချက်ကို ရှင်လင်းပြောကြားလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 
အိန္ဒိယထိန်းချုပ်သည့် ကက်ရှ်မီးယားဒေသ သေနတ်ပစ်ခတ်မှုကို နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် ပါကစ္စတန် တိုက်တွန်း
May 04 • 3:17 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


