back

OPEC+ သည် မေလတွင် ရေနံ တိုးထုတ်မည်ဟု ကြေညာခဲ့ပြီးနောက် ဧပြီလတွင် တစ်စည် $60 အောက်အထိ ဈေးကျဆင်း

May 04 • 2:32 AM

breaking-news

မြန်မာ

ပြည်ပ

cover

OPEC+ သည် မေလတွင် ရေနံ တိုးထုတ်မည်ဟု ကြေညာခဲ့ပြီးနောက် ဧပြီလတွင် တစ်စည် $60 အောက်အထိ ဈေးကျဆင်း

OPEC+ သည် စျေးနှုန်းများ ကျဆင်း‌နေပြီး ဝယ်လိုအား နည်းပါးမည်ဟု မျှော်လင့်ထားသော်လည်း၊ ရေနံထုတ်လုပ်မှုကို ဇွန်လတွင် တိုးမြှင့်ရန် သဘောတူကြသည်။ ဇွန်လသည် ရေနံ တိုး...

OPEC+ သည် စျေးနှုန်းများ ကျဆင်း‌နေပြီး ဝယ်လိုအား နည်းပါးမည်ဟု မျှော်လင့်ထားသော်လည်း၊ ရေနံထုတ်လုပ်မှုကို ဇွန်လတွင် တိုးမြှင့်ရန် သဘောတူကြသည်။ ဇွန်လသည် ရေနံ တိုးမြှင့် ထုတ်လုပ်သည့် ဆက်တိုက် ဒုတိယမြောက်လ ဖြစ်လာမည်။ တစ်ရက်လျှင် စည်ပေါင်း ၄၁၁,၀၀၀ တိုးမြှင့်မည်။တစ်နာရီသာသာ ကြာသော အွန်လိုင်းအစည်းအဝေးအပြီးတွင် OPEC+ မှ ရေနံဈေးကွက်၏ အခြေခံအချက်များ အခြေအနေ ကောင်းမွန်နေပြီး သိုလှောင်မှု လက်ကျန် နည်းပါးနေသည့်အတွက် ရေနံ တိုးမြှင့် ထုတ်လုပ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။OPEC+ သည် မေလတွင် ရေနံ တိုးထုတ်မည်ဟု ကြေညာခဲ့ပြီးနောက် ဧပြီလတွင် တစည် $60 အောက်အထိ ဈေးကျဆင်းခဲ့ပြီး ‌၄နှစ်တာတွင် အနိမ့်ဆုံးဈေး ဖြစ်သည်။အဖွဲ့ဝင်များ ဖြစ်ကြသည့် အီရတ်နှင့် ကာဇက်စတန်တို့သည် ခွဲတမ်းသတ်မှတ်ချက်ထက် ကျော်လွန်ပြီး ထုတ်လုပ်တင်ပို့နေကြသည်ကို အပြစ်ပေးရန်အတွက် ကျန်အဖွဲ့ဝင်များက ရေနံ တိုးမြှင့်ထုတ်လုပ်ကြရန် ဆော်ဒီအာရေဗျက တိုက်တွန်းခဲ့သည်။


news-view-count-icon

21