Myanmar Women League 2025-26 ပြိုင်ပွဲ ယနေ့ ပွဲစဉ် (၃)အပြီးတွင် လက်ရှိချန်ပီယံ I.S.P.E အသင်းကို အမှတ်အကွာဖြင့် ဧရာဝတီနှင့် သစ္စာအားမာန်အမျိုးသမီးဘောလုံးအသင်းတို့က အမှတ်ပေးဇယားထိပ်ဆုံး၌ ရပ်တည်နေပြီဖြစ်သည်။ယခုနှစ် မြန်မာအမျိုးသမီး လိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ I.S.P.E ၊ ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီအက်ဖ်စီ၊ မြဝတီ၊ သစ္စာအားမာန်၊ ရှမ်းယူနိုက်တက်၊ Y.R.E.O၊ Young Lioness နှင့် အသင်းသစ် Yangon Royals FC စသည့် ပြိုင်ပွဲဝင်အသင်း (၉) သင်း ဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။



