ထိုင်းနိုင်ငံတွင် ဆယ်စုနှစ် သုံးခုအတွင်း ဒေါင့်သန်းရောဂါဆက်နွယ်သော ပထမဆုံး လူသေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့ပြီး Mukdahan ပြည်နယ်တွင် အဆိုပါ ဘက်ဆီးရီးယားပိုးနှင့် ထိတွေ့ဖွယ်ရှိသူ ရာနှင့်ချီရှိနိုင်သည်ဟု အာဏာပိုင်များက ဖော်ထုတ်ခဲ့ပြီးနောက် ကျန်းမာရေးသတိပေးချက် ထုတ်ပြန်ခဲ့ရသည်။ အဆိုပါပြည်နယ်တွင် ရောဂါပိုးတွေ့ လူနာနှစ်ဦးကို အတည်ပြုခဲ့ပြီး ဒေါင့်သန်းရောဂါ ကူးစက်ခံရသည့် အသက် ၅၃ နှစ်အရွယ် လူနာသည် ဧပြီလ ၃၀ ဗုဒ္ဓဟူးနေ့တွင် သေဆုံးခဲ့ကြောင်းနှင့် သံသယရှိကူးစက်သူ သုံးဦးကို စုံစမ်းစစ်ဆေးနေသည်ဟု ပြည်နယ်ကျန်းမာရေးရုံး အကြီးအကဲ ဒေါက်တာ Narong Chankaeo က မေလ ၂ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။



