VOA သတင်းဌာန ဝန်ထမ်းတွေပုံမှန်အတိုင်းလုပ်ငန်းခွင်ပြန်ဝင်ဖို့ ဝါရှင်တန်ဒီစီအယူခံတရားရုံးက အမိန့်ထပ်ချခဲ့ပေမဲ့ RFA နဲ့ RFE သတင်းဌာနတွေရဲ့ ဘတ်ဂျက်ငွေကိုတော့ ထရမ့်ပ်အစိုးရက သူ့သဘောအတိုင်း ဆက်လက်ဆိုင်းငံ့ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ VOA ဝန်ထမ်းတွေ ပုံမှန်အတိုင်းလုပ်ငန်းခွင်ပြန်ဝင်ဖို့ အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီအယူခံတရားရုံးက ဒေသစံတော်ချိန် မေ ၁ ရက်နေ့စွဲနဲ့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါသည်။



