ဧပြီ ၂၉ ရက်က ထိုင်းနိုင်ငံ၊ Bangna-Trad လမ်းပေါ်ရှိ ကွန်ကရစ်တုံးတစ်တုံးနှင့် ဆင်တူသည့် အရာဝတ္ထုတစ်ခု ပြုတ်ကျခဲ့ရာ လမ်းအသုံးပြုသူ ယာဉ်၏ လေကာမှန် ပျက်စီးသွားကာ အာဏာပိုင်များမှ CCTV မှတ်တမ်းကို စစ်ဆးကြည့်ရာ လူကူးတံတားပေါ်မှ ကွန်ကရစ်တုံးတစ်တုံးကို တစ်စုံတစ်ယောက်က ပစ်ချသည်ကို တွေ့ရှိခဲ့သည်။ ပြစ်မှုကျူးလွန်သူကို ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေလ ၃ ရက်တွင် ဖမ်းမိခဲ့ပြီး ဖမ်းဆီးခံရသူသည် ဖြတ်သန်းသွားလာနေသော ယာဉ်များကို ကျောက်ခဲများဖြင့် ပစ်ပေါက်မှု ၁၂ ကြိမ်ရှိပြီဟု ရဲတပ်ဖွဲ့ထံ ဝန်ခံခဲ့သော်လည်း နောက်တစ်ကြိမ် ထပ်မံမပြုလုပ်ရန် ကတိပြုခဲ့သည်။



