ထိုင်းနိုင်ငံ၊ Surasak ခရိုင် Sriracha ခရိုင်ရှိ Nong Yai Bu ဘုန်းတော်ကြီးကျောင်း၏ ဆရာတော်သည် အသက်မပြည့်သေးသည့် မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာများ နှောင့်ယှက်ခဲ့သည့်အတွက် မေလ ၂ ရက်နေ့၌ Sriracha ရဲစခန်းမှ ဆင့်ခေါ်ခံရခဲ့ပြီး မေလ ၃ ရက်နေ့တွင် ဆရာတော်အဖြစ်မှ ဖြုတ်ချလိုက်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ အသက် ၁၃ နှစ်နှင့် ၁၇ နှစ် အရွယ် မိန်းကလေး နှစ်ဦး၏ မိခင်က “Sai Mai Tong Rod” ဖေ့စ်ဘုတ် စာမျက်နှာတွင် မီဒီယာများမှတစ်ဆင့် သမီး နှစ်ဦးစလုံးအား ဖေဖော်ဝါရီ မှစတင်ကာ ဤကျောင်း ဆရာတော်က လိင်ပိုင်းဆိုင်ရာ စော်ကား ခြိမ်းခြောက် ခဲ့သည်ဟု ဆိုကာ တိုင်ကြားခဲ့သည်။



