ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ ကျေးရွာပေါင်း ၂၃ ရွာမှာ ရေတွင်းရေကန်တွေ ခမ်းခြောက်ပြီး သောက်သုံးရေရှားပါးနေတယ်လို့ သိရပါတယ်။အဲဒီကျေးရွာတွေမှာ စစ်ဘေးရှောင်စခန်း ငါးခုလည်း ပါဝင်ပြီး ဒေသခံနဲ့ စစ်ဘေးရှောင်လူဦးရေစုစုပေါင်း ခန့်မှန်း လေးသောင်းကျော်လောက်ဟာ ရေရှားမှုဒဏ်ကို အကြီးအကျယ်ခံနေကြရတယ်လို့သိရပါသည်။



