back

မြန်မာနိုင်ငံအတွင်း မြေငလျင်လှုပ်ရှားမှု(၁၆၁)ကြိမ် အထိဖြစ်ပွားခဲ့

May 03 • 11:49 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံအတွင်း မြေငလျင်လှုပ်ရှားမှု(၁၆၁)ကြိမ် အထိဖြစ်ပွားခဲ့

မြန်မာနိုင်ငံအတွင်း မတ်လ(၂၈)က လှုပ်ရှားခဲ့တဲ့ ရစ်ချ်တာ စကေး ၇.၇ အဆင့်ရှိ မန္တလေးမြေငလျင်ကြီးအပါအဝင် မေ လ၂ရက်နေ့ ညနေ၆နာရီ၁၄မိနစ်အထိ မြေငလျင်လှုပ်ရှားမှု (၁၆၁)ကြိ...

မြန်မာနိုင်ငံအတွင်း မတ်လ(၂၈)က လှုပ်ရှားခဲ့တဲ့ ရစ်ချ်တာ စကေး ၇.၇ အဆင့်ရှိ မန္တလေးမြေငလျင်ကြီးအပါအဝင် မေ လ၂ရက်နေ့ ညနေ၆နာရီ၁၄မိနစ်အထိ မြေငလျင်လှုပ်ရှားမှု (၁၆၁)ကြိမ် အထိဖြစ်ပွားခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။ မြန်မာနိုင်ငံမှာ မတ်လ(၂၈)ရက်မှ မေလ(၂)ရက်အ ထိ တစ်လကျော်ကာလအတွင်း ရစ်ချ်တာစကေး ၇နှင်၇အထက် (၂) ကြိမ်၊ရစ်ချ်တာစကေး ၅နှင်၅ အထက် (၇)ကြိမ်၊ရစ်ချ်တာစကေး ၄နှင်၄အထက် (၂၆)ကြိမ်၊ရစ်ချ်တာစကေး ၃နှင်၃ အထက် (၁၂၅) ကြိမ်နှင့်ရစ်ချ်တာစကေး ၂နှင်၂အထက် (၁)ကြိမ် စုစုပေါင်း မြေငလျင်လှုပ်ရှားမှု(၁၆၁)ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ 



news-view-count-icon

19