စစ်ကိုင်းတိုင်း၊ မြင်းမူမြို့က ရွှေဧကရာဇ်ရွှေဆိုင်ပိုင်ရှင်နဲ့ ဆိုင်လုပ်သားတချို့ ယူဆောင်လာတဲ့ ရွှေထည်ပစ္စည်းနဲ့ငွေသားတွေ ဓားပြတိုက်ခံခဲ့ရပြီး အဆိုပါဓားပြမှုမှာ ပါဝင်သူ ၉ ဦးကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းမိထားတယ်လို့ သိရပါတယ်။ဓားပြတိုက်ခံရမှုမှာ ရွှေထည်ပစ္စည်း ၅ ပိဿာခန့်နဲ့ ငွေကျပ် သိန်း ၈၀၀ ခန့် ဆုံးရှုံးသွားကြောင်းဒေသခံတွေကပြောဆိုပေမယ့် အဆိုပါအချက်ကို မြေလတ်အသံက သီးခြားအတည်မပြုနိုင်ပါဘူး။



