တာချီလိတ်မြို့ရှိ ကားရေဆေးခုံများ၊ ကားအရာင်းပြခန်းများတွင် လိုင်စင်မဲ့ကားများကို မေလ ၂ရက်၌ လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။“လိုက်ဖမ်းမယ်တော့ ပြောနေသံကြားတယ်။ အခုက အဖမ်းခံရတဲ့လူကလည်း ဘာမှ အသံမထွက်ရဲဘူး။ လူတွေလည်း အစစအရာရာ ဒုက္ခရောက်နေကြတယ်” ဟု သိရပါသည်။KK ကားဆားဗစ်စင်တာမှ ကား ၁၃စီးဖမ်းဆီးသွားကြောင်း နီးစပ်သူတစ်ဦးက ပြောပြီး ထုတ်ပြန်ချက်တွင်မူ ၁၂စီးဖမ်းဆီးရမိကြောင်း ကြေညာထားသည်။



