ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများအတွက် လေ့ကျင့် သင်ကြားရေးစခန်းများဖွင့်လှစ်၍ တက္ကသိုလ် ပါမောက္ခ၊ ဆရာ ဆရာမများက ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများ အနီးကပ်သင်ကြားပို့ချနေမှုများကို လိုက်လံကြည့်ရှုအားပေး၍ လိုအပ်သည်များကို မှာကြားသည်။



