back

ပြည်ထောင်စုဝန်ကြီး မန္တလေးတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသည့် ဘုရား၊ စေတီများအား သွားရောက်ကြည့်ရှုစစ်ဆေး ပြိုကျပျက်စီးခဲ့သော ဘုရားများ၌ ဌာပနာရန် ဓာတ်တော်မွေတော်များ အနေကဇာတင်အခမ်းအနား ကျင်းပ

May 03 • 11:01 AM

breaking-news

မြန်မာ

မန္တလေး

cover

ပြည်ထောင်စုဝန်ကြီး မန္တလေးတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသည့် ဘုရား၊ စေတီများအား သွားရောက်ကြည့်ရှုစစ်ဆေး ပြိုကျပျက်စီးခဲ့သော ဘုရားများ၌ ဌာပနာရန် ဓာတ်တော်မွေတော်များ အနေကဇာတင်အခမ်းအနား ကျင်းပ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝ...

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဒုတိယဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ရှေးဟောင်းသုတေသနနှင့်အမျိုးသား ပြတိုက်ဦးစီးဌာနနှင့် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မဟာဂန္ဓာရုံဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ တောင်မင်းကြီးဘုရား၊ ရွှေကူကြီးဘုရား၊ ပုထိုး တော်ကြီးဘုရားနှင့် တောင်သမန် ကျောက်တော်ကြီးဘုရားများသို့ သွားရောက်ကြည့်ရှုစစ်ဆေး သည်။

news-view-count-icon

11