back

ဆတ်ဆတ်ကြဲဟန်ပန်များဖြင့် ဇာတ်ကောင်စရိုက်ပီပြင်အောင်သရုပ်ဆောင်ထားသည့် ဝင့်ယမုံနိုင်

May 03 • 10:41 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ဆတ်ဆတ်ကြဲဟန်ပန်များဖြင့် ဇာတ်ကောင်စရိုက်ပီပြင်အောင်သရုပ်ဆောင်ထားသည့် ဝင့်ယမုံနိုင်

ယခုရက်ပိုင်းအတွင်း စတင်ပြသနေသည့် ဇာတ်လမ်းတွဲအတွင်းတွင် ဆတ်ဆတ်ကြဲဟန်ပန်များဖြင့် ဇာတ် ကောင် စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ထားကြောင်း သရုပ်ဆောင် ဝင့်ယမုံနိုင်က ...

ယခုရက်ပိုင်းအတွင်း စတင်ပြသနေသည့် ဇာတ်လမ်းတွဲအတွင်းတွင် ဆတ်ဆတ်ကြဲဟန်ပန်များဖြင့် ဇာတ် ကောင် စရိုက်ကို ပီပြင်အောင် သရုပ်ဆောင်ထားကြောင်း သရုပ်ဆောင် ဝင့်ယမုံနိုင်က မီဒီယာများ နှင့်တွေ့ဆုံစဉ် ပြောကြားသည်။အဆိုပါ ဇာတ်ကားမှာ “အမုန်းမြစ်”ဟု အမည်ရသည့် ဇာတ်လမ်းတွဲမျိုးဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံ ထား သော စရိုက်လက္ခဏာ မတူညီကြသည့် မိသားစုနှစ်စုပေါင်းဆုံမိရာမှ အတ္တမာနများ၊ အမုန်းများ၊ အငြိုးအာဃာတ များဖြင့် ဖန်တီးထားသည့် ဇာတ်လမ်းပုံစံမျိုးလည်းဖြစ်သည်။“ဒီထဲမှာ ယမုံက ခက်ခက်မာ ဆိုတဲ့ ကာရိုက်တာအနေနဲ့ ပါဝင်ထားတာပါ၊ ရိုးရိုးတောင်မဟုတ်ဘဲနဲ့ ခပ်စွာ စွာ ဆတ်ဆတ်ကြဲ ကာရိုက်တာပေါ့၊ ယောက္ခမကလည်း ပညာအရမ်းပေးတာ၊ ကိုယ်ကြီးပဲ မောက်မာခဲ့တာ မဟုတ်ပါဘူး၊ ကိုယ်မသိလိုက်ရဘဲ ခံလိုက်ရတာ အများကြီးလေ၊ ခက်ခက်မာက စွာပေမယ့် ပြီးရင် ခံလိုက်ရတာပဲ၊ လုပ်ရတဲ့အချိန်တိုင်းလည်း အရမ်းလည်း မောပါတယ်၊ အကောင်းဆုံးတော့လုပ်ထားပါတယ်၊ ခက်ခက်မာ ကာရိုက် တာက ယမုံအပေါ်မှာ အများကြီး လွှမ်းမိုးခဲ့ပါတယ်” ဟုလည်း ၎င်းက ပြောကြားသည်။

news-view-count-icon

52