ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတုံမြို့နယ်မှ သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၉,၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၃ ဒသမ ၉ သိန်း၊ ထိန်းချုပ်ဓာတုပစ္စည်း ကဖင်း ၂ ဒသမ ၇၂၅ တန်နှင့် အနံ့ဆေးရည် ၆၀၀ လီတာတို့ကို ကွန်ဟိန်းမြိုနယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့သတင်းအရ သိရသည်။မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ တာကော်ကျေးရွာအနီးတွင် မိုင်းပျဉ်းမှ ကာလိဘက်သို့ ကျော်စွာမြင့်(ခ)လင်းအောင် မောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီးမော်တော်ယာဉ်နှင့် စိုင်းပညာမောင်းနှင်လာသည့် NISSAN DIESEL ၁၂ ဘီး မော်တော်ယာဉ်တို့ကို သတင်းအရရှာဖွေရာမှ ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ကျိုင်းတုံမြို့နယ်မှ သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၉,၁၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ထိန်းချုပ်ဓာတုပစ္စည်းကဖင်းများကို ကွန်ဟိန်းမြိုနယ်တွင် ဖမ်းဆီးရမိ
May 03 • 10:40 AM
မြန်မာ
မွန်
မျှဝေမည်
| 10 | 0 | 0 | 0 |


