back

Samsung Electronics သည်၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွက် ၎င်း၏ ဝင်ငွေများကို အစီရင်ခံခဲ့

May 03 • 10:34 AM

breaking-news

မြန်မာ

ပြည်ပ

cover

Samsung Electronics သည်၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွက် ၎င်း၏ ဝင်ငွေများကို အစီရင်ခံခဲ့

Samsung Electronics သည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွက် ၎င်း၏ ဝင်ငွေများကို အစီရင်ခံခဲ့ရာ စမတ်ဖုန်း Galaxy S25 စီးရီး ရောင်းအား ကောင်းခဲ့သဖြင့် အသားတင်ဝင်‌ငွေသည် ယ...

Samsung Electronics သည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်အတွက် ၎င်း၏ ဝင်ငွေများကို အစီရင်ခံခဲ့ရာ စမတ်ဖုန်း Galaxy S25 စီးရီး ရောင်းအား ကောင်းခဲ့သဖြင့် အသားတင်ဝင်‌ငွေသည် ယမန်နှစ်ကထက် ၂၁.၇%ပိုများခဲ့သည်။ဆီမီးကွန်ဒတ်တာ ချစ်ပ်ကဏ္ဍတွင် အခြေအနေ မကောင်းခဲ့ချေ။ဝင်ငွေ ကန်ဒေါ်လာ ၅၅.၆၆ ဘီလီယံ၊ အသားတင်ဝင်ငွေ ကန်ဒေါ်လာ ၅.၇ ဘီလီယံ ရရှိခဲ့သည်။ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ စမတ်ဖုန်းများနှင့် အခြားမိုဘိုင်းကိရိယာများ နှင့် တီဗီများ လုပ်ကိုင်သည့် Samsung DX သည် ရောင်းအား ၂၈% မြင့်တက်ခဲ့ပြီး ကန်ဒေါ်လာ ၃၆.၃၄ ဘီလီယံဖိုး ရောင်းချခဲ့သည်။ အမြတ် ကန်ဒေါ်လာ ၃.၃ ဘီလီယံ ရရှိသည်။မိုဘိုင်းဌာနခွဲ Samsung MX သည် ရောင်းအား ကန်ဒေါ်လာ ၂၆ ဘီလီယံ၊ အမြတ် ကန်ဒေါ်လာ ၃.၀၂ ဘီလီယံ ရရှိခဲ့သည်။

news-view-count-icon

9