back

BYD နှင့် Chery  တို့သည်ဥရောပသမဂ္ဂတွင်plugin-hybrid electric vehicle (PHEV) များကို ပိုမိုရောင်းချလာ

May 03 • 10:33 AM

breaking-news

မြန်မာ

ပြည်ပ

cover

BYD နှင့် Chery  တို့သည်ဥရောပသမဂ္ဂတွင်plugin-hybrid electric vehicle (PHEV) များကို ပိုမိုရောင်းချလာ

BYD နှင့် Chery  တို့သည် ဥရောပသမဂ္ဂတွင် တရုတ်လုပ်လျှပ်စစ်ကားများ သွင်းကုန်ခွန်ရှောင်ရန် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အီးဗီ plugin-hybrid electric vehicle (PHEV) မ...

BYD နှင့် Chery  တို့သည် ဥရောပသမဂ္ဂတွင် တရုတ်လုပ်လျှပ်စစ်ကားများ သွင်းကုန်ခွန်ရှောင်ရန် ပလပ်ထိုးအားသွင်း ဟိုက်ဘရစ် အီးဗီ plugin-hybrid electric vehicle (PHEV) များကို ပိုမိုရောင်းချလာကြသည်။၎င်းတို့သည် တရုတ်အီးဗီ သွင်းကုန်ခွန် စတင်သည့် ၂၀၂၄ ဇူလိုင်လတွင် PHEV တစီးမှ မရောင်းချခဲ့ကြသော်လည်း ပြီးခဲ့သည့် မတ်လတွင် BYD သည် ၃,၂၆၉ စီး၊ Chery သည် ၇၅၇ စီး ရောင်းချခဲ့သည်။ တရုတ်နိုင်ငံလုပ် ဘက်ထရီအီးဗီ battery-electric vehicle (BEV)ကို ၄၅.၃% အထိ ‌စည်းကြပ်သည့် သွင်းကုန်ခွန်သည် ၂၀၂၄ နိုဝင်ဘာတွင် စတင်စည်းကြပ်ကောက်ခံခဲ့သည်။ဥရောပဈေးကွက်တွင် BEV ထက် PHEV ကို ပိုကြိုက်ကြသဖြင့် အီးဗီ သွင်းကုန်ခွန်ကို ရှောင်လွှဲရန် အဆင်ပြေနေစေသည်။BYD က ယခုနှစ်တွင် ဂျာမန်ဈေးကွက်မှာ PHEV မော်ဒယ် ၂ မျိုး ထပ်တိုးမည်ဟု ကြေညာခဲ့သည်။

news-view-count-icon

11