မန်စီးတီးအသင်းက ဝုလ်ဗ်စ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဒီဘရိုင်းက သူဟာဒီမှာ ကစားနိုင်သေးတယ်ဆိုတာ ပြသခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒီဘရိုင်းက “ကျနော်ဒီမှာကစားဖို့ တစ်ပွဲပဲကျန်တော့တယ်ဆိုတာကို သိပေမယ့် ကျနော် အမြဲတမ်းလုပ်ခဲ့တဲ့ အတိုင်း အလုပ်ကို ကြိုးစားပြီး ဒီပွဲမှာလည်းလုပ်ခဲ့ပါတယ်။ ကျနော်လုပ်ခဲ့တဲ့ အရာတွေအတွက် ဂုဏ်ယူပါတယ်။ အသင်းဖော်တွေ အများကြီးနဲ့ စကားပြောခဲ့ပြီး သူတို့တွေဟာ ကျနော်သွားမှာကို ဝမ်းနည်းနေကြတယ်လို့ ထင်ပါ တယ်။ ကံမကောင်းစွာနဲ့ပဲ အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲဆိုတာကို ကျနော်မသိပါဘူး။ ကျနော်ဒီမှာ ကစား နိုင်သေးတယ်ဆိုတာကို ပြသထားပါတယ်”လို့ Sky Sports မှာပြောခဲ့ပါတယ်။
| 11 | 0 | 0 | 0 |


