back

ပတ္တရားမှာ ၃ နာရီကြာ မိုးရွာတဲ့အတွက် ကားများစွာ ပျက်ဆီး

May 03 • 10:31 AM

breaking-news

မြန်မာ

ပြည်ပ

cover

ပတ္တရားမှာ ၃ နာရီကြာ မိုးရွာတဲ့အတွက် ကားများစွာ ပျက်ဆီး

ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းမှာ ချွန်ဘူရီ ပြည်နယ်မှ ပတ္တရားမှာ မိုးကြီးတဲ့အတွက် ရေကြီးတာကို ကြီးကြီးမားမား ခံစားလိုက်ရပါတယ်။ ၃ နာရီကျော်ကြာ မိုးရွာတဲ့အတွက် လမ်းတွ...

ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းမှာ ချွန်ဘူရီ ပြည်နယ်မှ ပတ္တရားမှာ မိုးကြီးတဲ့အတွက် ရေကြီးတာကို ကြီးကြီးမားမား ခံစားလိုက်ရပါတယ်။ ၃ နာရီကျော်ကြာ မိုးရွာတဲ့အတွက် လမ်းတွေ ရေမြုပ်သွားပြီး ကားသေး၊ ကားကြီး အားလုံး လမ်းများစွာကို ဖြတ်သွားလို့ မရတော့‌‌ဘူးလို့သိရပါတယ်။ ဒေသ အာဏာပိုင်တွေက ရေအကြီးဆုံးဧရိယာက Pattaya Third လမ်း ဖြစ်ပြီး မိုးကြီးတဲ့ အချိန်မှာ အမြဲရေကြီးလေ့ရှိတဲ့ မြေနိမ့် ဧရိယာ ဖြစ်ပါတယ်။ ကားများစွာ ရေမြုပ်သွားပြီး ပျက်ဆီးသွားပါတယ်။ Khao Talo ကို သွားတဲ့ ရထားလမ်းမှာလည်း ကားနဲ့ မော်တော်ဆိုင်ကယ်တွေ ရေနစ်မြုပ်နေပါတယ်။ မိုးအဆက်မပြတ် ရွာတဲ့အတွက် ပတ္တရားနဲ့ အနီးအနား ဧရိယာတွေမှာ ရေကြီးနေပြီး ကားသေးတွေ သွားလို့ မရတော့ဘူးလို့ သတင်းဌာနတွေက ပြောပါတယ်။

news-view-count-icon

13