ကမ္ဘာ့ ဈေးကွက် သုတေသန အဖွဲ့အစည်း Ipsos ရဲ့ စစ်တမ်းအရ ထိုင်းဟာ ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံစာရင်းမှာ နံပါတ် ၇ နေရာကို ရသွားပါတယ်။ ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ Anukool Pruksanusak က ဒီသတင်းကို မေလ ၁ ရက်နေ့က ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒီအဆင့်သတ်မှတ်ချက်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်ကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့အတွင်း စစ်တမ်းကောက်ယူမှုကနေ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း ၃၀ မှ အသက် ၇၅ နှစ်နဲ့ အောက် လူပေါင်း ၂၃,၇၆၅ ယောက်ကို စစ်တမ်းကောက်ယူထားတာ ဖြစ်ပါတယ်။ ကမ္ဘာ့ အပျော်ရွှင်ဆုံး နိုင်ငံစာရင်းမှာ အိန္ဒိယက နံပါတ် ၁ နေရာကို ရထားပြီး အဲဒီနောက်မှာ နယ်သာလန်နဲ့ မက္ကဆီကိုတို့ ရပ်တည်နေပါတယ်။ ပျော်ရွှင်မှု အနည်းဆုံး နိုင်ငံတွေက ဟန်ဂေရီ၊ တူရကီနဲ့ တောင်ကိုရီးယားတို့ ဖြစ်ကြပါတယ်။ 
May 03 • 10:12 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 26 | 0 | 0 | 0 |


