အချို့သော တရုတ်အခြေစိုက် ကုမ္ပဏီများသည် အမေရိကန်၏ သွင်းကုန်ခွန် ၁၄၅% ကြောင့် အမေရိကန်သို့ တရုတ်မှ တိုက်ရိုက်တင်ပို့ရောင်းချရန် မဖြစ်နိုင်တော့သဖြင့် အိန္ဒိယမှ ပို့ကုန်လုပ်ငန်းရှင်များအား ၎င်းတို့၏ ကိုယ်စား အမှာစာများထံ ပေးပို့ရောင်းချပေးရန် အချိတ်အဆက် ပြုကြသည်။ကွမ်ကျိုးတွင် မေလ ၅ ရက်အထိ ကျင်းပမည့် ကမ္ဘာ့အကြီးဆုံး ကုန်စည်ပြပွဲဖြစ်သည့် Canton Fair တွင် တရုတ်ကုမ္ပဏီများသည် ၎င်းတို့၏ အမေရိကန် ဖောက်သည်များအား ကုန်ပစ္စည်းများ ရောင်းချပေးရန် အိန္ဒိယကုမ္ပဏီများထံ ချဉ်းကပ်ခဲ့ကြောင်း အိန္ဒိယပို့ကုန်အဖွဲ့အစည်းများ အဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ် Ajay Sahai က ပြောကြားသည်။ အရောင်းအ၀ယ်အတွက် အိန္ဒိယကုမ္ပဏီများသည် တရုတ်စီးပွားရေးလုပ်ငန်းများကို ကော်မရှင်ခ ပေးဆောင်ရမည်ဖြစ်သည်။
အချို့သော တရုတ်အခြေစိုက် ကုမ္ပဏီများသည်အိန္ဒိယမှ ပို့ကုန်လုပ်ငန်းရှင်များအား ၎င်းတို့၏ ကိုယ်စား အမှာစာများထံ ပေးပို့ရောင်းချပေးရန် အချိတ်အဆက် ပြုကြ
May 03 • 10:07 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 13 | 0 | 0 | 0 |


