ရှမ်းယူနိုက်တက် အသင်းသည် စပိန် ကြံ့ခိုင်ရေးနည်းပြ ဖယ်ရန် ဖာနန်ဒက်ဇ် ပန်ညာ (Ferran Fernandez Pena) အား ကြံ့ခိုင်ရေး နည်းပြ အဖြစ် စာချုပ် ချုပ်ဆိုလိုက်ကာအသက် ၂၅ နှစ်အရွယ် ဖယ်ရန်သည် Sports Science အထူးပြုဖြင့် ဘွဲ့လွန် တက်ရောက်နေသူဖြစ်ပြီး၊ ယခင်က စပိန် တတိယတန်း ကလပ် CE Europa တွင် ကြံ့ခိုင်ရေး နည်းပြအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။Myanmar National League ချန်ပီယံ ရှမ်းယူနိုက်တက် အသင်းသည်ယခင်ကလည်း ပြည်ပPhysiotherapist များ ခေါ်ယူခဲ့ဖူးသောအစဉ် အလာ ရှိသည့် အသင်း ဖြစ်သလိုရှမ်းပြည် နယ် ကိုယ်စားပြု အသင်းသည် ကစားသမား အင်အား ဖြည့်တင်းမှု အဖြစ် နိုင်ငံခြားသား ကစားသမား အသစ် ၃ ဦး ခေါ်ယူမှာလည်း ဖြစ်ပါတယ်။



