မြန်မာ့ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းခွင့်ကို မေ ၊ ဇွန်နှင့် ဇူလိုင် များတွင် ၃ လကြာ ရာနှုန်းပြည့် ပိတ်ထားပြီး ကမ်းဝေးငါးဖမ်းလှေများကို ရပ်နားထားကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှထုတ်ပြန်ထားပါတယ်။ ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းခွင့် ပိတ်လိုက်ခြင်းဟာ လုပ်ငန်းခွင် သဘောသဘာဝအရ မုတ်သုံ(မိုးရာသီ) ဝင်ရောက်ပြီဖြစ်တာကြောင့် လှိုင်းလေထန်မှု ဖြစ်ပေါ်လာနိုင်ခြင်းနှင့် ငါးသားပေါက်ရာသီ ရောက်ရှိလာတာတွေကြောင့် ငါးဖမ်းလှေများကို ကုန်ခဲ့တဲ့2025ခုနှစ် ဧပြီလ၃၀ ရက်နေ့ နောက်ဆုံးထားကာ ဆိပ်ကမ်းများသို့ ပြန်လည်ဝင်ရောက်စေပြီး ရာနှုန်းပြည့် လုပ်ငန်းခွင် ရပ်နားလိုက်တာဖြစ်ပါတယ်။လက်ရှိမှာ ကမ်းနီးငါးဖမ်းလှေတွေကိုတော့ ငါးဖမ်းခွင့်ပြုထားတဲ့အပြင် ငါးသယ်လှေတွေကတော့ ပင်လယ်ထဲ သွားလာခွင့်ရရှိမှာဖြစ်ကာမြန်မာ့ပင်လယ်ပြင်တွင် ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ မွန်နှင့် တနင်္သာရီ ငါးဖမ်းကွက်များစွာရှိကြပြီး တနင်္သာရီ ပြင်လယ်ပြင် ငါးဖမ်းလုပ်ကွက် အတွင်းမှာတော့ ကမ်းဝေးငါးဖမ်းလှေကြီး ၁၅၀၀ နီးပါးရှိပါတယ်။ 
မြန်မာ့ပင်လယ်ပြင် ကမ်းဝေးငါးဖမ်းခွင့်ကို မေ၊ ဇွန်နှင့် ဇူလိုင် ၃ လ ထိပိတ်ထားဟု ငါးလုပ်ငန်းဦးစီးဌာနမှထုတ်ပြန်
May 03 • 3:14 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 85 | 0 | 0 | 0 |


