ရခိုင်ယူနိုက်တက်အသင်းဟာ MNL League Cup မှာ အောင်မြင်မှုရဖို့အတွက် စာချုပ်ခေါ်ယူခဲ့တဲ့ ဘရာဇီးနည်းပြ ရီကာဒိုနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ကာပြိုင်ပွဲအတွက် စာရင်းတင်သွင်းရာမှာ နည်းပြလိုင်စင် သက်တမ်းကုန်ဆုံးနေပြီး သက်တမ်းတိုးဖို့ လိုအပ်တာကြောင့် လမ်းခွဲလိုက်တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။ ရီကာဒိုနဲ့ လမ်းခွဲပြီးနောက်မှာ နည်းပြချုပ်တစ်ဦး အစားထိုးခန့်အပ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။



