သရုပ်ဆောင် ဝေဠုကျော်ဟာ ဇနီးဖြစ်သူ ရေကြည်ချမ်းမြ ဆေးရုံတက်ရောက်ပြီး ကုသမှုခံနေရတဲ့အကြောင်း အသိပေးလာပါတယ်။ ဇနီးသည်ရဲ့ ကျန်းမာရေး ကုသမှုတွေက ပြီးစီးသွားပြီဖြစ်ကြောင်း စိတ်ပူနေသူတွေကို အသိပေးထားတာလည်းဖြစ်ပြီး ခွဲခန်းဝင်ထားတဲ့ ဝတ်စုံနဲ့ ဇနီးဖြစ်သူရဲ့ ပုံကြောင့် ပရိသတ်တွေက ရေကြည်ချမ်းမြ ဘာဖြစ်လို့လဲလို့ စိတ်ပူစွာမေးမြန်းနေကြတာလည်းဖြစ်ပါတယ်။



