App Store အပြင်ဘက် ဝယ်ယူမှုတွေမှာ အရင်လို ကော်မရှင်ခ ကောက်လိုမရတော့ပါဘူး။ အရင် Epic Games ကို ရှုံးခဲ့တဲ့အမှုတုန်းက ကိုင်ခဲ့တဲ့ တရားသူကြီးကပဲ အမိန့်ချတာပါ။ အမိန့်အတိုင်းဆို Apple App Store မှာ iOS apps တွေဆီ အပြင်က ငွေပေးချေတဲ့ links တွေ လိုက်ပိတ်ပွင့် မရှိတော့ပါဘူး။ in-app payment တွေ မှာလည်း အရင်လို ၃၀% ကောက်လို့လည်း မရတော့ပါဘူး။ အမေရိကန်က App Store ပေါ် ပိုက်ဆံရှာနေတဲ့ ကုမ္ပဏီတွေတော့ ပျော်နေတော့မှာပါ။ ကုမ္ပဏီတွေကလည်း App Store အပြောင်းအလဲကို အခွင့်ကောင်းယူပြီး apps တွေ update လုပ်လာကြပါတယ်။ တစ်နေ့ကပဲ Spotify က သူ့ app update မှာ web ထဲ payment လုပ်နိုင်တဲ့ links တွေ ထည့်လာပါသည်။



