back

ဆင်းမ်ကတ် Hack ခံရတဲ့ SK Telecom ဒေါ်လာသန်း ၆၄၀ ကျော် ဆုံးရှုံး

May 02 • 3:49 PM

breaking-news

မြန်မာ

ပြည်ပ

cover

ဆင်းမ်ကတ် Hack ခံရတဲ့ SK Telecom ဒေါ်လာသန်း ၆၄၀ ကျော် ဆုံးရှုံး

SK Telecom ရဲ့ သန်းဆယ်ချီတဲ့ SIM Card တွေ ဆိုက်ဘာတိုက်ခိုက်ခံလိုက်ရလို့ပါ။ SK Telecom ဆိုတာ subscriber ၃၄ သန်း ရှိပြီး တောင်ကိုရီးယားအော်ပရေတာ ဈေးကွက်ရဲ့ ၄၈.၄% ...

SK Telecom ရဲ့ သန်းဆယ်ချီတဲ့ SIM Card တွေ ဆိုက်ဘာတိုက်ခိုက်ခံလိုက်ရလို့ပါ။ SK Telecom ဆိုတာ subscriber ၃၄ သန်း ရှိပြီး တောင်ကိုရီးယားအော်ပရေတာ ဈေးကွက်ရဲ့ ၄၈.၄% ကို ကြီးစိုးထားတဲ့ အော်ပရေတာပါ။ ဒီအမှုကို ကိုရီးယားအင်တာနက်နဲ့ လုံခြုံရေး အေဂျင်စီ KISA ကို အကြောင်းကြားထားပါတယ်။ ဧပြီ ၂၉ ရက်နေ့ကအထိ SK Telecom သုံးသူ ၃၄,၁၃၂ ဦး ပြိုင်ဘက် KT နဲ့ LG U+ တွေဆီ ရောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ SK Telecom ကို စွန့်ခွာသူဦးရေက ဒီထက်မက ထပ်တက်လာနိုင်ပါတယ်။ ကုမ္ပဏီလည်း ဈေးကွက်တန်ဖိုး ဝမ် ၉၂၃.၆ ဘီလျံ (ဒေါ်လာ ၆၄၃.၂ သန်း) ဆုံးရှုးသွားပါတယ်။ အခုဖြစ်ရပ်အတွက် ကုမ္ပဏီ CEO က တောင်းပန်ခဲ့သပြီး တယ်လီကွန်းသမိုင်းမှာ အဆိုးဆုံးဆိုက်ဘာတိုက်ခိုက်မှုလို့ ဝန်ခံခဲ့ပါတယ်။ SK Telecom ဟာ အသုံးပြုသူ ၂၅ သန်းကို SIM Card အခမဲ့ အစားပြန်လဲပေးသွားမယ်လို့ ကြေညာထားပါသည်။



news-view-count-icon

22