back

အိန္ဒိယသည် သကြားရာသီတွင် သကြား မက်ထရစ်တန် ၈ သိန်းအထိ ပြည်ပသို့ တင်ပို့နိုင်မည် ခန့်မှန်း

May 02 • 2:17 PM

breaking-news

မြန်မာ

ပြည်ပ

cover

အိန္ဒိယသည် သကြားရာသီတွင် သကြား မက်ထရစ်တန် ၈ သိန်းအထိ ပြည်ပသို့ တင်ပို့နိုင်မည် ခန့်မှန်း

အိန္ဒိယသည် စက်တင်ဘာလတွင် ပြီးဆုံးမည့် ၂၀၂၄-၂၅ သကြားရာသီတွင် သကြား မက်ထရစ်တန် ၈ သိန်းအထိ ပြည်ပသို့ တင်ပို့နိုင်မည်ဟု အိန္ဒိယအစိုးရမှ ခန့်မှန်းပြောကြားသည်။ပြည်ပတင...

အိန္ဒိယသည် စက်တင်ဘာလတွင် ပြီးဆုံးမည့် ၂၀၂၄-၂၅ သကြားရာသီတွင် သကြား မက်ထရစ်တန် ၈ သိန်းအထိ ပြည်ပသို့ တင်ပို့နိုင်မည်ဟု အိန္ဒိယအစိုးရမှ ခန့်မှန်းပြောကြားသည်။ပြည်ပတင်ပို့ရန် မက်ထရစ်တန် ၁၀ သိန်းအထိ ခွင့်ပြုထားသည်ကို ပြည့်မီအောင် တင်ပို့နိုင်ခြင်း မရှိချေ။ ဧပြီလကုန်အထိ တန်ချိန် ၃ သိန်းအထိသာ တင်ပို့နိုင်ခဲ့သည်။ ဆိပ်ကမ်းတွင် ပြည်ပတင်ပို့ရန် တန်ချိန် ၆ သောင်း ရောက်ရှိနေသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ကမ္ဘာ့သကြားဈေး ဈေးကောင်းမရသောကြောင့် ပို့ကုန်လုပ်ငန်းရှင်များသည် တွက်ခြေမကိုက်သဖြင့် တင်ပို့ရန် အခက်အခဲ ရှိနေကြသည်။




news-view-count-icon

39