အိန္ဒိယရူပီသည် သောကြာနေ့ (မေလ၂ ရက်) အစောပိုင်း ဒေါ်လာ အရောင်းအ၀ယ်ပြုလုပ်ရာတွင် သိသိသာသာ မြင့်တက်လာခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တဒေါ်လာလျှင် ၈၄ ရူပီအောက်သို့ ရောက်ရှိသည်။ မေလ ၁ ရက် ကြာသပတေးနေ့တွင် 84.4875 ဖြင့် ဈေးပိတ်ခဲ့သည်။ သောကြာတွင် ၀.၇% မြင့်တက်ပြီး တဒေါ်လာ ပေါက်ဈေး 83.83 ရူပီသို ရောက်ရှိလာခဲ့သည်။ ရူပီသည် ယခုသီတင်းပတ်တွင် ၂% မြင့်တက်ခဲ့သည်။



