အမေရိကန်တွင် မထုတ်လုပ်သောကားကို အမေရိကန်သို့ တင်သွင်းလျှင် အကောက်ခွန် ၂၅% စည်းကြပ်ရန် ပြဋ္ဌာန်းလိုက်သဖြင့် အမေရိကန်ကားဈေးကွက်မှာ တင်သွင်းရောင်းချနေသည့် ကားအသစ်များ ဈေးတက်တော့မည် ဖြစ်သဖြင့် ကားဝယ်ရန် ရည်ရွယ်ထားသူတို့ အချိန်မဆိုင်းတော့ဘဲ ဈေးမတက်ခင် ဝယ်ယူကြသဖြင့် ဂျပန်ကားကုမ္ပဏီ ၄ ခုမှ ကားများ ဧပြီလတွင် ရောင်းအား မြင့်တက်သွားခဲ့သည်။ Toyota Motor သည် ၂၃၃,၀၄၅ စီး ရောင်းချခဲ့ပြီး ယမန်နှစ် ဧပြီလထက် ၁၀% ပိုများသည်။ ဂျပန်တွင် အဓိကအားဖြင့် ထုတ်လုပ်သည့် Lexus သည် ၃၅,၁၇၄ စီး ရောင်းချခဲ့ပြီး ၂၃.၅% ပိုများသည်။



