မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက် ၊လမ်း ၇၀ နဲ့ ၇၁လမ်းကြား ၊ ၃၂ဘီလမ်းကငလျင်ဒဏ်ကြောင့် ပြိုကျဖို့အန္တရာယ်ရှိတဲ့အဆောက်အဦရဲ့ မြေညီထပ်ထဲက ငွေကျပ်သိန်း (၄,၀၀၀)ကျော်တန်ဖိုးရှိတဲ့ ရွှေနဲ့ငွေတွေကို ခိုးယူသူတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဧပြီလ၂၉ ရက်မှာ ထုတ်ပြန်ထားပါသည်။အိမ်ပိုင်ရှင်တွေဟာ ငလျင်ဘေးကြောက်တာကြောင့်မျက်နှာချင်းဆိုင် လမ်းတစ်ဖက်က တိုက်ခန်းမြေညီထပ်မှာ သွားရောက်အိပ်နေချိန် သူတို့ပိုင်ဆိုင်တဲ့ရွှေထည်တွေနဲ့ ကျပ်သိန်း ၂,၀၀၀ ခန့် စုစုပေါင်းကျပ်သိန်း (၄,၃၀၀)ကျော် ပျောက်ဆုံးနေတဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ခဲ့ပြီးနောက် ခိုးယူသူတွေကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။



