back

ထိုင်းနိုင်ငံခြေစမ်းပွဲ ဒုတိယပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထပ်မံရှုံးနိမ့်

May 02 • 1:52 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

ထိုင်းနိုင်ငံခြေစမ်းပွဲ ဒုတိယပွဲစဉ်တွင် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း ထပ်မံရှုံးနိမ့်

နိုင်ငံတကာပြိုင်ပွဲများအတွက် ထိုင်းနိုင်ငံရှိ ဖူဆယ်အသင်း (၃)သင်းနှင့် ခြေစမ်းကစားနေသည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့က ထိုင်းဖူဆယ်အသင်းဖြစ်သည့် Th...

နိုင်ငံတကာပြိုင်ပွဲများအတွက် ထိုင်းနိုင်ငံရှိ ဖူဆယ်အသင်း (၃)သင်းနှင့် ခြေစမ်းကစားနေသည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်းအနေဖြင့် ယမန်နေ့က ထိုင်းဖူဆယ်အသင်းဖြစ်သည့် Thammasat Stallions အသင်းနှင့် ဒုတိယအကြိမ်ခြေစမ်းကစားရာတွင် ထပ်မံရှုံးနိမ့်ခဲ့ကြောင်း သိရသည်။မြန်မာအသင်းအနေဖြင့် မနက်ဖြန် မေ (၃) ရက်တွင် Black Pearl United အသင်းနှင့် နောက်ဆုံးခြေစမ်းပွဲ ထပ်မံယှဉ် ပြိုင်ကစားရဦးမည် ဖြစ်သည်။မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို ကစားသမား (၁၉) ဦး၊ အုပ်ချုပ်နည်းပြအဖွဲ့ (၉) ဦးဖြင့် ဖွဲစည်းထားပြီး၊ နည်းပြချုပ်အဖြစ် ထိုင်းလူမျိုးနည်းပြ Mr. Pattaya Piemkum က ကိုင်တွယ်ဆောင်ရွက်နေခြင်းဖြစ်သည်။



news-view-count-icon

23