back

ရွှေဘိုမြို့၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဆောင်ရွက်

May 02 • 11:40 AM

breaking-news

မြန်မာ

စစ်ကိုင်း

cover

ရွှေဘိုမြို့၌ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းဆောင်ရွက်

ရွှေဘိုခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကူးစက်မှု ကင်းရှင်းရေးအတွက် ရွှေဘိုမြို့နယ်အတွင်းရှိ ခွေးများအား ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခြင်းလုပ်ငန်...

ရွှေဘိုခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကူးစက်မှု ကင်းရှင်းရေးအတွက် ရွှေဘိုမြို့နယ်အတွင်းရှိ ခွေးများအား ကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခြင်းလုပ်ငန်းကို မေလ ၁ရက်နေ့မှ စ၍ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ခွေးရူးရောဂါသည် အလွန်အန္တရာယ်ရှိသော ကူးစက် ရောဂါတစ်ခုဖြစ်ပြီး ထိုရောဂါမှ ကာကွယ် နိုင်ရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ခွေးရူးရောဂါကာကွယ် ဆေး အခမဲ့ထိုးနှံပေးခြင်းလုပ်ငန်းတွင် ပြည်သူများအနေဖြင့် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များအား ထိုးနှံပေးခြင်းဖြင့် လူ့ပတ်ဝန်းကျင်တွင် ကျန်းမာရေးနှင့် ဘေးကင်းလုံခြံရေးကို ထိရောက်စွာ အကောင် အထည် ဖော်နိုင်မည်ဖြစ်ကြောင်းနှင့် ခွေးရှူးရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။



news-view-count-icon

15