ငလျင်လှုပ်ခတ်မှုအပြီး ပြန်လည်ထူထောင်ရေးကာလ အင်းလေးဒေသရှိ ကလေးသူငယ်များ ဝမ်းပျ-က်၊ ဝမ်းလျှောမဖြစ်ပွားစေရန် ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ကမ္ဘောဇဖောင်ဒေးရှင်းဆောင်ရွက်နေကြောင်း သိရသည်။အဆိုပါ လုပ်ငန်းစဉ်များကို ယမန်နေ့ မေ(၁)ရက်က အင်းလေးဒေသ ဟဲယားရွာမကျေးရွာ၊ တောင်ပိုနီ ကျေးရွာနှင့် ကြေးစားကုန်းကျေးရွာတို့တွင် ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများနှင့် လိုအပ်သည့် အထောက်အကူပြုပစ္စည်းများ၊ ကျေးရွာဘုန်းတော်ကြီးကျောင်းများအတွက် အထွေထွေ အသုံးပြုရန် နဝကမ္မအလှူငွေများကိုလည်း လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။



