back

Leapmotor သည် မလေးရှားတွင် SUV မော်ဒယ် C10 ထုတ်လုပ်မည်

May 02 • 6:13 AM

breaking-news

မြန်မာ

ပြည်ပ

cover

Leapmotor သည် မလေးရှားတွင် SUV မော်ဒယ် C10 ထုတ်လုပ်မည်

ထုတ်လုပ်အစီးရေအရ ဥရောပတွင် ဒုတိယအကြီးဆုံး ကားလုပ်ငန်းစုဖြစ်သည့် Stellantis ကျောထောက်နောက်ခံ ပြုထားသည့် တရုတ်ကားကုမ္ပဏီ Leapmotor သည် ယခုနှစ် ၂၀၂၅ နှစ်ကုန်ပိုင်း...

ထုတ်လုပ်အစီးရေအရ ဥရောပတွင် ဒုတိယအကြီးဆုံး ကားလုပ်ငန်းစုဖြစ်သည့် Stellantis ကျောထောက်နောက်ခံ ပြုထားသည့် တရုတ်ကားကုမ္ပဏီ Leapmotor သည် ယခုနှစ် ၂၀၂၅ နှစ်ကုန်ပိုင်းတွင် မလေးရှားမှာ ကားများ ထုတ်လုပ်ရန် စီစဉ်နေသည်။ မလေးရှားတွင် တည်ရှိသည့် Stellantis ၏ ကားစက်ရုံကို အသုံးပြုပြီး ကားများ ထုတ်လုပ်မည်။ ထို့အတွက် ကနဦးအနေဖြင့် ယူရို ၅ သန်း (ကန်ဒေါ်လာ ၅.၇ သန်း) ရင်းနှီးမြှုပ်နှံမည်။ Leapmotor ၏ C10 SUV မော်ဒယ်ကို ထုတ်လုပ်မည်။ C10 မော်ဒယ်ကို တရုတ်ပြည်မှာ ၂၀၂၄ မတ်လတွင် စတင်ရောင်းချခဲ့သည်။ ခရီးတာ တိုးချဲ့ လျှပ်စစ်ကား extended-range electric vehicle (EREV) ဗားရှင်းနှင့် လျှပ်စစ်ကားစစ်စစ် battery electric vehicle (BEV) ဗားရှင်းတို့ ထုတ်လုပ်သည်။ ၅ ယောက်စီး SUV ဖြစ်ပြီး တရုတ်ပြည်တွင် လက်ရှိရောင်းဈေးမှာ ယွမ် ၁၂၈,၈၀၀ ($17,640) ဖြစ်သည်။ ဥရောပ ၁၃ နိုင်ငံတွင် C10 ကို ၂၀၂၄ စက်တင်ဘာလတွင် စတင်ရောင်းချသည်။


news-view-count-icon

24