လေဗာကူဆင်အသင်းနည်းပြ ဇာဘီအလွန်ဆိုဟာ အန်ဆယ်လော့တီရဲ့ နေရာမှာ အစားထိုးဝင်ရောက်ပြီး ရီးရယ်လ်အသင်းကို နည်းပြအဖြစ် တာဝန်ယူခဲ့ရင် ဆိုစီဒက်အသင်းက ဇူဘီမန်ဒီနဲ့ လေဗာကူဆင်အသင်းက ဖလော်ရီယန်ဗစ်ဇ်တို့ကို ခေါ်ယူချင်နေတယ်လို့ AS က ဖော်ပြထားပါတယ်။ ရီးရယ်လ်အသင်းနည်းပြ အန်ဆယ်လော့တီဟာ ဒီရာသီကုန်ရင် အသင်းကနေ ထွက်ခွာမှာဖြစ်လို့ ဇာဘီအလွန်ဆို ဟာ စပိန်ကလပ် အသင်းနည်းပြသစ် ဖြစ်လာဖို့ ရေပန်းအစားဆုံး ဖြစ်နေတာပါ။



