ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်အတွင်း ရှိ သဘာ၀တောရိုင်းတိရိစ္ဆာန်များ မျိုးပွား၊သားပေါက်ချိန် ပစ်ခတ်၊သတ်ဖြတ် တာမျိုးမပြုလုပ်ရဘူးလို့ ဒီကနေ့ မေလ ၁ ရက်နေ့မှာ ကြေညာချက်ထုတ် ပြန်လိုက်ပါတယ်။အဆိုပါကြေညာချက်မှာတော့ မင်းတပ်မြို့နယ်က အဖိုးမဖြတ်နိုင်တဲ့ ကမ္ဘာဦးသစ်တောများ၊ရှားပါးလိပ်ပြာမျိုးစိတ်များ၊ ကျေးငှက်များ၊သစ်ခွမျိုးစိတ်များနှင့် မြင့်မားလှသောတောတောင်များ တည်ရှိပြီး သဘာ၀တောရိုင်းတိရိစ္ဆာန် ပေါင်းစုံ ကျက်စားရာဒေသဖြစ်တယ်လို့လည်း ဆိုပါတယ်။ဒါ့အပြင် ဒီဒေသန္တရ အအိန့် ထုတ်ပြန်ကြေညာတားမြစ်ချက်ကို အလေးအနက်ထားလိုက်နာကြရန်လိုအပ် ကြောင်း၊ တားမြစ်ချက်ကို လိုက်နာမှုမရှိပါက တည်ဆဲဥပဒေအရ အရေးယူမှာဖြစ်တယ်လို့လည်း သိရပါတယ်။



