back

မြိတ်တွင် ငါးသွားဖမ်းသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

May 01 • 4:40 PM

breaking-news

မြန်မာ

တနင်္သာရီ

cover

မြိတ်တွင် ငါးသွားဖမ်းသည့် အမျိုးသားတစ်ဦး ရေနစ်သေဆုံး

မြိတ်မြို့နယ် မော်တောင်ရွာတွင် ငါးသွားဖမ်းသည့်အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း ဒေသခံများက ပြောသည်။အသက် ၃၀ ဝန်းကျင်အရွယ် ကိုပြည့်ဖြိုးအောင်သည် ဧပြီလ ၂၉ရက်တွင် ၅...

မြိတ်မြို့နယ် မော်တောင်ရွာတွင် ငါးသွားဖမ်းသည့်အမျိုးသားတစ်ဦး ရေနစ်သေဆုံးကြောင်း ဒေသခံများက ပြောသည်။အသက် ၃၀ ဝန်းကျင်အရွယ် ကိုပြည့်ဖြိုးအောင်သည် ဧပြီလ ၂၉ရက်တွင် ၅နှစ်အရွယ် သားဖြစ်သူနဲ့အတူ ငါးဖမ်းထွက်ရာက လှေပေါ်မှ ချောင်းထဲသို့ ပြုတ်ကျပြီး သေဆုံးသွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။သေဆုံးသူ၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန် မြိတ်မြို့ရှိ ရင်ခွဲရုံသို့ ပို့ဆောင်လိုက်ကြောင်း ဒေသခံများထံက သိရသည်။



news-view-count-icon

16