မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အသိမိတ်ဆွေများအကြား အယောင်ဆောင်ပြီး Viber ကနေ ငွေကြေးလိမ်လည်ကာ KBZ Pay ထဲသို့ လွှဲခိုင်းသည့် လိမ်လည်မှုများစွာ ဖြစ်ပေါ်နေပြီး အယုံလွယ်၍ ငွေလိမ်ခံရသူ အများအပြားရှိနေကြောင်း သိရသည်။Viber ကနေ ငွေကြေးလိမ်လည်သူများသည် တာချီလိတ်မြို့တွင် ငွေကြေး သုံးနိုင် စွဲနိုင်သူများအကြားထဲမှ ပတ်လိမ်လည်နေခြင်းဖြစ်ပြီး လိမ်သည့်အခါမှာလည်း ငွေကြေးရှိသူ၏ ပုံများကို Profile ပုံတင်၍ ပိပိရိရိ လိမ်လည်သည့်အတွက် ငွေကြေး ပါသွားသည်အထိ ရှိနေကြောင်း သိရသည်။



