back

ကွတ်ခိုင်မှာ လုပ်ငန်းလိုင်စင်အချို့ပြုလုပ်ရာ အချိန်ကြန့်ကြာမှုရှိနေလို့ ဒေသခံတွေ အခက်တွေ့နေတယ်လို့ ဆို

May 01 • 4:27 PM

breaking-news

မြန်မာ

ရှမ်း

cover

ကွတ်ခိုင်မှာ လုပ်ငန်းလိုင်စင်အချို့ပြုလုပ်ရာ အချိန်ကြန့်ကြာမှုရှိနေလို့ ဒေသခံတွေ အခက်တွေ့နေတယ်လို့ ဆို

ကွတ်ခိုင်မြို့နယ်မှာ လုပ်ငန်းလိုင်စင်အချို့ ပြုလုပ်ရာ အချိန်ကြန့်ကြာမှုတွေရှိနေလို့ ဒေသခံတွေ အခက်တွေ့နေတယ်လို့သိရပါသည်။လုပ်ငန်းလိုင်စင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက...

ကွတ်ခိုင်မြို့နယ်မှာ လုပ်ငန်းလိုင်စင်အချို့ ပြုလုပ်ရာ အချိန်ကြန့်ကြာမှုတွေရှိနေလို့ ဒေသခံတွေ အခက်တွေ့နေတယ်လို့သိရပါသည်။လုပ်ငန်းလိုင်စင်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလက စတင်ထုတ်ပေးတာဖြစ်ပြီး သွားလျောက်ထားပေမယ့် လက်ရှိ ၄ လနီးပါးကြာတဲ့အထိ လုပ်ငန်းအချို့ လိုင်စင်ထုတ်ပေးတာမရှိသေးဘူးလို့ ကွတ်ခိုင်မြို့မှာ ဆိုင်ဖွင့်တဲ့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။လုပ်ငန်းလိုင်စင် လျောက်ထားရာမှာ စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ အထည်ဆိုင်၊ မိတ္တူဆိုင်စတဲ့ အသေးစားလုပ်ငန်းနဲ့ ဓာတ်ဆီဆိုင်၊ ဟိုတည်၊ တည်းခိုခန်း၊ KTV ၊ Bar နဲ့ အုတ်၊ သဲ၊ ကျောက်လုပ်ငန်းလို အကြီးစားလုပ်ငန်းအတွက်ဆိုပြီး နှစ်မျိုးခွဲထားတယ်လို့ ဆိုပါတယ်။


news-view-count-icon

20